Sunday, November 1, 2009

ကိုယ့်ကိုယ်ကို မဖျက်ကြနှင့်


မြတ်စွာဘုရားဟောတဲ့တရားကို သူ့အတိုင်းမထားဘဲ နည်းနည်းလောက် နုတ်ထားလိုက်မယ်ဗျာ။
ဒါမှမဟုတ် နည်းနည်းကလေး အပိုထည့်ထားလိုက်မယ် ဆိုပါတော့၊ အဲဒါဟာ သာသနာ ပြုတာလား၊ ဖျက်တာလား။
ဖျက်တာပါဘုရား။
အနို့ .... အဲသလို ဖျက်တော့ သာသနာက ပျက်သွားမှာတဲ့လား၊ အဲသလို ဖျက်တဲ့လူမှာ ပျက်မှာလား။
ဖျက်တဲ့လူပဲ ပျက်မှာပါဘုရား။
အေး ...ဗျာ့၊ ဘုရားက ဒီလိုပါဆိုရင် ဒီအတိုင်းသာ လုပ်ဗျာ့၊ ကိုယ့်ကိုယ်ကို မဖျက်ကြနှင့်။

(၁၉၃၇ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၀း၀၀ နာရီ အင်ကြင်းပင် ရိပ်သာ၌ ဟောကြားချက်မှ)
ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည့် ဝေဘူဆရာတော်ဘုရားကြီ၏ သန္ဒိဋ္ဌိက တရားတော်များစာအုပ်မှ....

Print this post

0 comments:

Related Posts with Thumbnails

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers