Saturday, October 31, 2009

ထေရ၀ါဒဆိုသည်မှာ


ထေရ၀ါဒ

ထေရ၀ါဒ ဟူသော အခေါ်အဝေါ်၌ပါရှိသည့် "ထေရ" သည် အရှင်မဟာကဿပ အစရှိသော ပထမသင်္ဂါယနာတင် မထေရ်ကြီးများကို ရည်ညွှန်းသော ပုဒ် ဖြစ်သည်။ "၀ါဒ" မှာ စကားဟုလည်း ဆိုနိုင်သည်။ အယူဟုလည်း ဆိုနိုင်သည်။ အဆုံးအဖြတ်ဟုလည်း ဆိုနိုင်သည်။
ထေရနှင့်ဝါဒ ပေါင်းထားသော ပုဒ်ကို " အရှင်မဟာကဿပ စသော၊ မထေရ်တို့ ထိန်းသိမ်း စောက်ရှောက်၊ ဆောင်ထားအပ်သော ဘုရားစကား ပါဠိတော်" ဟု ခရစ်နှစ် (၃၅၀)ခန့်က ရေးသည့် ဒီပ၀ံသ ကျမ်းတွင်ပြဆိုထားသည်။ ထေရ၀ါဒဆိုသည်မှာ ပထမနှင့် ဒုတိယ သင်္ဂါယနာတို့၌ စုပေါင်းသင်္ဂါယနာ တင်ထားအပ်သော ပါဠိပိဋကတ်တော်ကိုပင် ဆိုလိုသည်။ ထိုပါဠိပိဋကတ်တော်ကို နောင်တွင် ပေါ်ထွန်းလာသည့် မဟာသံဃိကစသော ဂိုဏ်းခွဲများ၏ ၀ါဒနှင့်မတူ ကွဲပြားကြောင်း ထင်ရှားစေရန် ထေရ၀ါဒဟု ခေါ်ဝေါ်ခြင်းဖြစ်သည် ဟုလည်း ဖေါ်ပြကြသည်။ထိုပါဠိပိဋကတ်တော် အတိမ်းအယိမ်းမရှိစေရန် ဆက်လက်ထိမ်းသိမ်းစောက်ရှောက်သူ၊လိုက်နာကျင့်သုံးသူများကို ထေရ၀ါဒီဟုခေါ်သည်။ထေရ၀ါဒီ ရဟန်းတော်များ၏ အဆက်အနွယ်ကို ထေရ၀ံသ ဟုခေါ်သည်။

နန္ဒာသိန်းဇံ၏ ထေရ၀ါဒနှင့်ပတ်သက်သော မှတ်ချက်များမှ ပြန်လည်ဖော်ပြပါသည်။

Print this post

0 comments:

Related Posts with Thumbnails
ဒီဇိုင်း : Free Skin For Myanmar Bloggers