Saturday, November 7, 2009

အမျိုးဘာသာ သာသနာ


အမျိုးဘာသာ သာသနာဟူ၍ ကျွန်တော်တို့ ကြွေးကြော်ခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ ကြွေးကြော်ခဲ့သည့် အတိုင်းလည်း ကျွန်တော်တို့သည် မိမိတို့၏ အမျိုး၊ ဘာသာ၊ စာပေနှင့် မိမိတို့၏ သာသနာတော်ကို ဤကမ္ဘာမြေပြင်၌ အဓွန့်ရှည်စွာ တည်စေခြင်းဌာဆန္ဒရှိပါ၏ ။ ဆန္ဒရှိသည့်အလျှောက်လည်း ကြိုးပမ်းကြပါ၏ ။ ကြိုးပမ်းသည့် အလျှောက်လည်း ကျွန်တော်တို့၏ မြန်မာလူမျိုးများသည်လည်းကောင်း၊ မြန်မာ ဘာသာသည် လည်းကောင်း၊ ကျွန်တော်တို့၏ ကိုးကွယ်ရာ ဗုဒ္ဓသာသနာတော်သည် လည်းကောင်း၊ ဤကမ္ဘာမြေပြင်၌ လွပ်လပ်စွာ တည်တံလျှက် ရှိပါ၏ ။

သို့ရှိပါသော်လည်း ကျွန်တော်တို့သည် ကျွန်တော်တို့၏အမျိုး၊ ကျွန်တော်တို့၏ဘာသာ၊
ကျွန်တော်တို့၏ ဗုဒ္ဓသာသနာတော်ကို ဤကမ္ဘာမြေပြင်၌ အဓွန့်ရှည်စွာ တည်ရှိစေရန်
အားထုတ်ရာ၌မြတ်စွာဘုရား၏အဆုံးအမတော်အတိုင်းသာတည်ရှိစေရန်အားထုတ်
ခြင်းဖြစ်၏။အခြားသောနည်းဖြင့်တည်ရှိစေရန်အားထုတ်ခြင်းမဟုတ်။
အခြားသောနည်းဖြင့်တည်ရှိစေရန်အားထုတ်ခြင်းဖြင့်တည်ရှိလာပါကလည်း
ထိုကဲ့သို့သော တည်ရှိခြင်းမျိုးကို ကျွန်တော်တို့သည် မမြတ်နိုး။ မမြတ်နိုးသည့်
အလျှောက်လည်း ကျွန်တော်တို့သည် အလေးအမြတ်မပြုကြ။ ဤသည်မှာ ထေရ၀ါဒ
ဗုဒ္ဓဘာသာ၏ သွန်သင်ချက်အရ ကျွန်တော်တို့၏ကိုယ်ပိုင်ခံယူချက်ဖြစ်၏ ။
ဦးရွှေအောင်၏ အမြင်များပြောင်းလဲခြင်းနှင့် အတွေးအမြင်စာစုများမှ....


Print this post

0 comments:

Related Posts with Thumbnails

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers