ကြီးပွားချမ်းသာလိုပါလျှင်

ဒို့ဘုရားသာသနာက နေပူအောင် လုပ်လို့လဲရတယ်၊ မိုးရွာအောင် လုပ်လို့လဲရတယ်၊ လူလာအောင်လုပ်လို့လဲဖြစ်တယ်၊ လူမလာအောင် လုပ်လို့လဲဖြစ်တယ်၊ သစ်ပင်ရှိရင် ဆွမ်းရှိတယ်။
မင်းတို့ ဘုရားကြည်ညိုတာက မတည့်တဲ့သူငယ်ချင်း အိမ်အလည်လာသလောက်မှ မကြည်ညိုလို့ မင်းတို့မှာ ဘာအကျိုးမှ မခံစားရဘူး။
မတည့်တဲ့သူငယ်ချင်းလာရင် ကိုယ်ကမခေါ်ချင်ရင်တောင်မှ စားချိန်ကျရင် "ဟိုကောင် ကျွေးလိုက်" ဆိုပြီး မင်းတို့ ဒကာမကို ပြောမယ်၊
စားပြီးတော့လည်း "ဟိုဟာတွေ ဆေးပြီး သိမ်းထား" လို့ ခိုင်းမယ်။
ခုတော့ မင်းတို့ဟာက ဘုရားဆွမ်းမှန်မှန် မလှူချင်ဘူး၊ ဆွမ်းတော်တင်ပြီးလဲ ကျီးစားစား၊ ကြွက်စားစား တစ်နေကုန် ပစ်ထားတာပဲ မဟုတ်လား၊ ဘုရားကိုသာ အသက်ထင်ရှားရှိသလို မင်းတို့ကြည်ညိုတတ်ရင် ခုလို မဆင်းရဲဘူး။
ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သော ကျေးဇူရှင်ဝေဘူဆရာတော်ဘုရားကြီ၏ သန္ဒိဋ္ဌိကတရားတော်များ စာအုပ်မှ...
Print this post





0 comments:
Post a Comment