Sunday, November 1, 2009

အဓမ္မ၀ါဒများ


(၁) တောင်တွင်းကြီးရှင်ဥက္ကဌ ဦးဆောင်ခဲ့သည့် လူသေလူဖြစ် အဓမ္မ၀ါဒ
(၂) ကျောက်သင်္ဘောဆရာတော် ဦးဆောင်ခဲ့သည့် အဓမ္မ၀ါဒ (၁၉၈၁ ခုနှစ်ကပင် အဓမ္မ၀ါဒ အဖြစ် ကြေငြာထားပြီးဖြစ်သည်)
(၃) မြောက်ဥက္ကလာကျောက်ပုံတောရ ဦးစံရင် ဦးဆောင်ခဲ့သည့် အဓမ္မ၀ါဒ
(၄) ဆူးလေဦးမြင့်သိန်း ဦးဆောင်ခဲ့သည့် ထေရ၀ါဒ အမည်ခံ အဓမ္မ၀ါဒ (၁၉၈၂ ခုနှစ်ကပင် အဓမ္မ၀ါဒအဖြစ် ကြေငြာထားပြီး)
(၅) လက်ပံတန်းဦးမြတ်သိန်းထွန်း ဦးဆောင်ခဲ့သည့် ကာမဂုဏ်အရိယာ အဓမ္မ၀ါဒ (၁၉၈၃ ခုနှစ်ကပင် အဓမ္မ၀ါဒအဖြစ် ကြေငြာထားပြီး)
(၆) ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဂိုဏ်း (၁၉၉၁ ခုနှစ်ကပင် အဓမ္မ၀ါဒ အဖြစ် ကြေငြာပြီး)

အထက်ပါ ၀ါဒများအားလုံးသည် အဓမ္မ၀ါဒ အဖြစ် လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်ခန့်ကပင် ကြေငြာထားပြီးဖြစ်ပါသည်။ သို့သော် အတော်များများမသိကြပါ။ ညီငယ်၊ညီမငယ်လေးများ မသိပဲ လေ့လာလိုက်စားမိမည်စိုး၍ ပြန်လည်ဖော်ပြပေးရခြင်းဖြစ်ပါသည်။ ၄င်းဝါဒဖြန့်ဝေသူများသည် နည်းမျိုးစုံသုံး၍ ဖြန့်ဝေကြသည်။ညီငယ်လေးတစ်ယောက်ဥပုသ်စောင့်သွားသည် ဥပုသ်စောင့်သွားသည်
ဆို၍ မေးကြည့်သောအခါ တစ်နေကုန်ကျောင်းတွင်နေပြီး ငါးမိနစ်၊ ဆယ်မိနစ်မျှ တရားမရှု့မှတ်ရဟုဆိုသောအခါမှ သင်ကြားသည်များကို ယူကြည့်သောအခါ အဓမ္မ၀ါဒများဖြစ်နေသည်။ တရားထိုင်စရာမလို၊ တရားရှု့မှတ်စရာမလိုဟု ပြောသဖြင့် သူလည်း တစ်မျိုးပဲဟု ထင်ကြောင်းပြောပြီး နောင်တွင် မသွားတော့ပါ။ ပထမပိုင်းတွင်လည်း ရှင်ဥက္ကဌ စာအုပ်များ၊အဘိဓမ္မာဆရာစိန် စာအုပ်များဖြင့် ၄င်းညီငယ်လေး အယူအမြင် လွဲမှားဖူးပါသည်။ ထိုစာအုပ်များသည်လဲ ၄င်းတို့ထံမှပင် ဖြစ်ပါသည်။ ၄င်းတို့သည် အကြံအစည်ရှိရှိဖြင့် ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးနေကြပါသည်။ အဆန်းကြိုက်သော ညီငယ်၊ ညီမငယ်လေးများ သတိထားကြပါ။

Print this post

0 comments:

Related Posts with Thumbnails

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers