Tuesday, December 8, 2009

ပညတ်တော်ဆယ်ပါးထက်သာတဲ့ငါးပါးသီလ


ဘုန်းကြီးငယ်ငယ်က ရောမ ဗရင်ဂျီဘာသာဝင် ဖြစ်ခဲ့တုန်းက ပညတ်တော်ဆယ်ပါး သင်ပြပို့ချ ပေးကြတယ်။ ထူးဆန်းတာက အဲဒီ ပညတ်တော်ဆယ်ပါးထဲမှာ "Thou shalt not drink" အရက် မသောက်ရဆိုတဲ့ ဘုရားသခင်ရဲ့ အမိန့်ပညတ် တားမြစ်ချက် မပါဝင်တာပါပဲ။ အရက်သေစာ မသောက်ကြနဲ့လို့ ပညတ်ဖို့ လိုအပ်ပါတယ်။

ဘုန်းကြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာတော့ ငါးပါးသီလကို စတင်တည်ဆောက်ရပြီး၊ အရက်မသောက်ခြင်းဟာ သီလမှာ အရေးကြီကြောင်း တွေ့လာရတယ်။ ငါးပါးသီလဟာ အရေအတွက် နည်းပေမယ့် ပညတ်တော် ဆယ်ပါးထက် တိကျ ပြည့်ဝ စုံလင်ပါတယ်။ လူသားရဲ့ အကျင့်စာရိတ္တ ၀ါရိတ္တသီလအတွက် ခြုံငုံမိတယ်၊ လုံလောက်တယ်။

"The Five Precepts are more complete and more conclusive than The Ten Commandments"

နောက်ထူးခြားချက် တစ်ခုကတော့ ငါးပါးသီလဟာ ဗုဒ္ဓရဲ့ အမိန့် ပညတ်တော်မဟုတ်ဘူး။ သရဏဂုံယူပြီး ၊ သူ့ဟာသူ အလိုဆန္ဒနဲ့ သူ့အင်အားအရ ထိန်းသိမ်းရတယ်။ အမိန့်တော်ကြီး မဟုတ်ဘူး။ မြတ်စွာဘုရားက သူများကို ' ဒါမလုပ်နဲ့ ၊ ဒါကိုလုပ်' လို့ အမိန့်ချမှတ်တာ မဟုတ်ဘူး။ မိမိတို့ရဲ့ သဒ္ဒါ၊ သတိ၊ ၀ီရိယအလျောက် ထိန်းရတာမို့ လွတ်လပ်မှု ရှိကြပါတယ်။ ဇွတ်ခိုင်းစေခြင်း မခံရဘူး။ မြတ်စွာဘုရားက သီလကိစ္စမှာ အကြံပေး ဥာဏ်ပေးရုံ လမ်းညွှန်ပေးရုံသာ ဖြစ်ပါတယ်။

မြတ်စွာဘုရားက သတ္တ၀ါအားလုံးကို လူကြီးတွေ၊ ဆင်ခြင်ဥာဏ်ရှိသူတွေလို ဆက်ဆံပြီး တရားဟောပြပေးတယ်။ ကလေးတွေလို အာဏာနဲ့ မဆက်ဆံဘူး။ ဇွတ်မခိုင်းဘူး။ မခြိမ်းခြောက်ဘူး။ ဒါကြောင့် ကျွန်ုပ်တို့မှာသာ သတိပညာလေ့ကျင့်ကြရင် ပညာရှင် အတွေးအခေါ်ရှင် ဒဿနပညာရှင် လူရင့်မကြီးများလို ဖြစ်ကြရတယ်။ ဒါကြောင့် ဘယ်အလုပ်က မှန်တယ်။ ဘယ်အလုပ်က မှားတယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ခွင့် ရကြတယ်။ မြတ်စွာဘုရားက လမ်းမှန်ပြသပေးထားတော့ အမှားအမှန်ကိစ္စမှာ မခဲယဉ်းတော့ပါဘူး။ ဘုရားက အပြစ်ဒဏ်ပေးမှာကြောက်လို့ မကောင်းမှုကို ရှောင်ကြဉ်နေရတာမျိုး မရှိတော့ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာကို သိပ္ပံနည်းကျ ဘာသာလို့ ခေါ်တာ။

ဘုန်းကြီးဟာ ကလေးလို လူမိုက်လို ဆက်ဆံခံရတာကို မကြိုက်လို့ ဘာသာကူးပြောင်းခဲ့တယ်။ ဗုဒ္ဓ ဒေသနာက ကိုယ့်အားကိုယ်ကိုး ဘာသာပဲ။ ကိုယ့်သီလ သမာဓိ ပညာနဲ့ မဂ္ဂင်လမ်းမှာ ကိုယ်တိုင်လျှေက်ကြရတယ်။ ဘုရားက လမ်းပြရုံပဲ။

I naturally become a buddhist because I dont wish to be treated like a child, but like a man.

ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည့် အီတာလျံဘုန်းတော်ကြီး ဦးလောကနာထ၏ ကမ္ဘာလှည့်တရား မှ.......



Print this post

1 comments:

သွယ်လင်းဆက် said...

ရူပံ ဘိက္ခဝေ အနတ္တာ ဆိုတဲ့ပိုစ့်မှာ ဆရာဆန်းလွင်က
သိပ္ပံနည်းက ဗုဒ္ဓနည်းကျတယ်လိုဆိုခဲ့ပေမယ့် ဓမ္မာစရိယ ဦးဌေးလှိုင် က ဗုဒ္ဓဘာသာကို သိပ္ပံနည်းကျ ဘာသာလို့ ခေါ်တယ်လို့ရေးတယ်နော်။ ဆရာကြီးတွေတောင်
တစ်ယောက်အာဘော်နဲ့တစ်ယောက်မတူကြဘူး။
ဆရာဆန်းလွင်ပြောတာ ပိုပြီးယုတ္တိကျတယ်ထင်တာပဲ။

Related Posts with Thumbnails
ဒီဇိုင်း : Free Skin For Myanmar Bloggers